ကျောက်ဆည် ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှု လျော့နည်းစေရေးအတွက် ကျေးလက်လမ်းတံတားများ ပြုပြင်တည်ဆောက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၃)ရွာအကျိုးပြုမည့် ငါးမြွေကုန်း-ထုံးဘိုကျေးရွာချင်းဆက်လမ်းပေါ်၌ Box Culvert တံတား(၁)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။
အဆိုပါတံတားအား ခွင့်ပြုရန်ပုံငွေကျပ် ၆သန်း အကုန်အကျခံကာ ဆောက်လုပ်ခြင်းဖြစ်ပြီး သတ်မှတ် အရည်အသွေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူကာ ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါတံတားပြီးစီးသွားပါက ကျေးရွာ(၃)ရွာမှ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အချိန်တိုအတွင်းလွယ်ကူစွာ ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်နိုင်မည့်အပြင် အိမ်ခြေ(၆၁၅)အိမ်၊ လူဦးရေ(၂၇၉၃)ဦး တို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများလည်း များစွာ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


