ကံမ  ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို မြို့နယ်အားကစားကွင်း၌ ဇန်နဝါရီ ရက်မှ ဇန်နဝါရီ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် မီတာ(၅၀) ကျား/ အပြေးပြိုင်ပွဲ၊ မီတာ(၅၀) ကျား/ အာလူးကောက်ပြိုင်ပွဲ၊ မီတာ(၅၀) ကျား/ အိတ်စွတ် ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲများ ပါဝင်ပြီး ဇန်နဝါရီ ၂ ရက် နံနက် နာရီကစတင်ကျင်းပပြုလုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)