ကနီ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် မွေးကင်းစမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းများကို လစဉ် လဆန်း ၁ ရက်နှင့် ၂ ရက်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင်လည်း ကနီမြို့ပေါ် (၃) ရပ်ကွက်ရှိ ကလေးငယ်များနှင့် ကနီမြို့နယ်အတွင်းရှိကျေးရွာများမှ ကလေးငယ်များအား မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်မ၌ (၅)မျိုးစပ်ကာကွယ်ဆေးများ၊ ပိုလီယိုထိုးဆေး၊ ပိုလီယိုတိုက်ဆေးများ၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးများကို လစဉ်ပုံမှန် ကာကွယ်ဆေးထိုးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်