ပါရီ ဇန်နဝါရီ ၃

 

ပြင်သစ်နိုင်ငံတွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ထုပ်ပိုးသည့်အခါ ပလတ်စတစ်အိတ် အသုံးပြုမှုကို ပိတ်ပင်သွားမည်ဟု ဇန်နဝါရီ ၁ ရက် တွင် သိရသည်။

 

ယင်းအချက်ကြောင့် ပြင်သစ်နိုင်ငံ၏ ထုပ်ပိုးမှုကဏ္ဍတွင် အခက်တွေ့ဖွယ် ဖြစ်လာခဲ့သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ညစ်ညမ်းမှုကြောင့် ပလတ်စတစ် အသုံးပြုမှုကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးသမားများက အပြစ်တင်ပြောဆိုနေကြစဉ် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် လက်တွေ့ကြသည့် ချဉ်းကပ်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

သို့သော်လည်း ၂၀၂၆ မတိုင်မီအထိ ဥပဒေ အပြည့်အစုံမှာ သက်ရောက်မှုရှိမည် မဟုတ်ချေ။ ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသည့် လက်ကျန်ပစ္စည်းများကို ခြောက်လ အသုံးပြုခွင့်ပေးသွားမည် ဖြစ်သည်။

 

သို့သော်လည်း ထုပ်ပိုးမှု ကုန်ကျစရိတ်မှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားနိုင်သည်ဟုလည်း ပိုမန်ကုမ္ပဏီမှ ကိုယ်စားလှယ်က ပြောသည်။ ဥရောပတွင် နှစ်စဉ်နှစ်တိုင်း တစ်ခါသုံး ပလတ်စတစ် ထုပ်ပိုးမှုကြောင့် ပလတ်စတစ် တန်ချိန် ရှစ်သန်းထွက်ရှိသည်ဟု ခန့်မှန်းထားသည်။

 

အေအက်ဖ်ပီ