ရှမ်းရွာသစ် ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့်ဒီဇင်ဘာလ)အတွက် မဲသမူးကျေးရွာအုပ်စုရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက လက်ဝယ်အရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မဲသမူးကျေးရွာအုပ်စုရှိ လူမှုရေးပင်စင် အကျိုးခံစား ခွင့်ရှိသည့် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၂)ဦးအတွက် တစ်ဉီးလျှင် ကျပ်(၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၆၀၀၀၀/-) ကျပ်ကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် အဘိုး(၂၇)ဦး၊ အဘွား (၄၅)ဦး၊ စုစုပေါင်း (၇၂)ဦးရှိပြီး လက်ဝယ်အရောက် ရရှိရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)