ကျိုင်းလပ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျိုင်းလပ်မြို့ မဉ္ဇူသကလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုးသိန်းက ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို စတင်ခဲ့ရာ ပိုက်ကျော်ခြင်းအသင်း (၁၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ကို မဉ္ဇူသကလူမှုကူညီရေးအသင်းနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဆုရရှိသည့် အသင်းများအား ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)