ရေနံချောင်း  ဇန်နဝါရီ   ၃

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံပဲမျိုးစုံ ဧကသုံးထောင်ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ်တွင် ဆောင်းသီးနှံ ပဲလွန်း ၁၁၁၄ ဧက ၊ ကုလားပဲ ၁၁၈၆ ဧက ၊ စားတော် ၁၀၁၃ ဧက ၊ ထောပတ်ပဲ ၁၄၇ ဧက စုစုပေါင်းဧက သုံးထောင်ကျော် လျာထားဆောင်ရွက်နေကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

 

ယခင်နှစ် ဆောင်းသီးနှံစိုက်ပျိုးမှုမှာ ပဲလွန်း ၁၁၁၄ ဧက စိုက်ပျိုးခဲ့ပြီး ကုလားပဲ ၁၁၈၆ဧက စိုက်ပျိုးခဲ့ကြောင်း၊ စားတော်ပဲ ၁၀၁၃ ဧက စိုက်ပျိုးပြီး ထောပတ်ပဲ ၁၃၄ ဧက၊ အခြားပဲများမှာ ၂၉၂ ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးထုတ်လုပ်မှုစာရင်းအရ သိရသည်။

 

မျိုးမြင့်သူ