နေပြည်တော် ဇန်နဝါရီ ၃
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁ ရက် ညနေ ၅ နာရီတွင် ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ မြေနီတောင်ကျေးရွာအနီးတွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ) ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အဆိုပါအမျိုးသားမှာ အထုပ်တစ်ထုပ်ကို ပစ်ချ ထွက်ပြေးသွားသောကြောင့် ပူးပေါင်းအဖွဲ့က ဖွင့်ဖောက်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၀၀ ကို သိမ်းဆည်းရမိခဲ့သည်။
ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီတွင် ကျောက်တံခါးမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ မင်းတန်း ကျေးရွာအနီးတွင် ဌေးဝင်း ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား