နေပြည်တော် ဇန်နဝါရီ ၃

 

ကယားပြည်နယ်ရှိ KNPP နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က ရှားတောမြို့နယ်၊ ရှားတော-လွိုင်ကော် သွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီခွဲတွင် ရှားတောမြို့နယ်၊ ရှားတော - လွိုင်ကော်သွား ကားလမ်း မိုင်တိုင်အမှတ် ၃၉ ကီလိုမီတာအနီးတွင် တည်ဆောက်ထားသည့် အရှည်ပေ ၆၀ ရှိ သံကူကွန်ကရစ် တံတားအား KNPPနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တံတားကြမ်းခင်းအလယ်၌ ၈ ပေပတ်လည်ခန့် ပွင့်ထွက်ပျက်စီး ခဲ့ပါသည်။

 

ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် တံတားပျက်စီးကာ မော်တော်ယာဉ်များ ဖြတ်သန်းသွာလာ၍ မရကြောင်းနှင့် အဆိုပါတံတားအား အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 

 

သတင်းစဉ်