မိုင်းပျဉ်း  ဇန်နဝါရီ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ဇန်နဝါရီလ၃ရက်နေ့ မွန်းလွဲပိုင်းက မိုင်းပျဉ်းမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပကြောင်း သိရသည်။    

ပထမဦးစွာ မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲကို အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၁၀)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ ဆက်လက်ယှဉ်ပြိုင်ကြပြီးနောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)