နေပြည်တော် ဇန်နဝါရီ 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲ၊  ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း  ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက်၍ ဆုချီးမြှင့်သည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ ဝန်ထမ်းများနေထိုင်ရာ ရပ်ကွက်အသီးသီးရှိ စာသင်ကျောင်းများကိုအခြေခံ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်တို့မှ အထောက်အကူပြုလျက် အမှတ်()အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲများကို အသက်အရွယ်အလိုက် ကျား/ ခွဲခြား၍ အပြေးပြိုင်ပွဲ၊ ပူစီဖောင်း ဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ခြေပူးပြေးပြိုင်ပွဲ၊ အပ်ထိုး ပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြေးပြိုင်ပွဲ၊ အာလူးကောက်ပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် စာအုပ်ရွက် ပြေးပြိုင်ပွဲ၊ စုစုပေါင်း အားကစားနည်း(၁၁)မျိုးကို  ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၉၂၄)ဦး ဝင်ရောက်ယှဉ်ပြိုင် ပါဝင်ဆင်နွှဲကြသည်။

ပါဝင်ယှဉ်ပြိုင်ကျင်းပခဲ့သော အားကစားနည်း(၁၁)မျိုး၊ အားကစားသမားများ စုစုပေါင်း (၉၂၄)ဦးကို ဒီဇင်ဘာ (၂၈) မှ (၃၀)ရက်အထိ လူရွေးပွဲများ ကျင်းပယှဉ်ပြိုင်ကာ နောက်ဆုံးစကာတင်အားကစားသမား (၁၉၆)ဦးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ()ရက်၊ လွတ်လပ်ရေးနေ့တွင် ဗိုလ်လုပွဲကစားပွဲစဉ်(၂၆)ပွဲခွဲ၍ ယှဉ်ပြိုင်ကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆုပေးပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းဦး က အထက်တန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအားလည်းကောင်း၊ အမြဲတမ်း အတွင်းဝန်က Grade-3 ကျား မီတာ(၅၀)အပြေးပြိုင်ပွဲ  ဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယအတွင်းဝန်များ၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အမှတ် ()အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး အားကစားပွဲသို့ ကျောင်းသား ကျောင်းသူများနှင့် မိသားစုဝင်များ၊ ဝန်ထမ်း များ လာရောက်အားပေးခဲ့ပြီး ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)