ကဘူးလ် ဇန်နဝါရီ   ၅

အာဖဂန်နစ္စတန်နိုင်ငံ၌ ဆီးနှင်း များ ပြင်းထန်စွာကျဆင်းမှုကြောင့် ယာဉ်အသွားအလာများ ရှုပ်ထွေးမှုဖြစ်ပေါ်ခဲ့ပြီး ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဒေသခံအာဏာ ပိုင်များက ဇန်နဝါရီ ၄ ရက်တွင် ပြောသည်။ မြောက်ပိုင်း ဂျန်ပြည်နယ်တွင် ယာဉ်နှစ်စင်းတိုက်မှုကြောင့် လမ်းသွားလမ်းလာ တစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အရှေ့ပိုင်း နန်ဂဟာပြည်နယ်တွင်လည်း တောင်ထူထပ်သော အဝေးပြေးလမ်းမကြီးတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ပြီး ခြောက်ဦးအသက်ဆုံးရှုံးကာ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အနောက်ပိုင်း ဟီရတ်ပြည်နယ်တွင်လည်း လူခုနစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဒေသတွင်းဆေးရုံတွင် တက်ရောက်ကာ ကုသမှုခံယူခဲ့ရသည်။ အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်မြို့နှင့် ၆၄၀ ကီလိုမီတာအကွာရှိ ကမာကွာလာဒေသတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့်ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

ဆင်ဟွာ