ကျောက်ဆည် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာလေးရွာ အကျိုးပြုမည့် ကျေးရွာချင်းဆက်လမ်းအား မန္တလေးတိုင်းဒေသကြီး ခွင်ပြုရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူပြီး ဂျင်းကျောက်မြေခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကျေးလက်လမ်းအား ခွင့်ပြုရန်ပုံငွေကျပ် သန်း ၃၆ ဒသမ ၅၆၀ အကုန်အကျခံကာ အရှည် ၂ မိုင် ၃ ဖာလုံ၊ အကျယ် ၁၈ ပေ၊ ထု ၄ လက်မ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြောင်းဦး၊ ကြက်ဆင်၊ ရန်ပုံနှစ်၊ ကျီးပြ ကျေးရွာ လေးရွာမှ အိမ်ခြေ ၆၄၈ အိမ်၊ လူဦးရေ ၃၀၃၂ ဦး တို့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လုပ်ငန်းများ ပိုမိုအဆင်ပြေဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)