ဇန်နဝါရီ ၅

 

အစ္စရေးနိုင်ငံတွင် ကြက်ဆင်အကောင်ရေ ၆၂၅၀၀ ကျော် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ကို တွေ့ရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။

 

အစ္စရေးမြောက်ပိုင်း ရမ်အွန်ကျေးရွာရှိ မွေးမြူရေးခြံနှစ်ခြံတွင် ရောဂါဖြစ်ပွားသည့် ကြက်ဆင်များကို တွေ့ရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မကြာသေးမီသီတင်းပတ်များအတွင်း အစ္စရေးတောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရှိ ဒါဇင်နှင့်ချီသော ကြက်ဆင်နှင့် ကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခဲ့သည်။

 

အဆိုပါဝန်ကြီးဌာနအနေဖြင့် အရေးပေါ်လုပ်ထုံးလုပ်နည်းအရ မကြာသေးမီက တိရစ္ဆာန်ဆေးကုသမှု လုပ်ဆောင်နေပြီး  ၎င်းတို့၏လှုပ်ရှားမှုကို ဆက်လက်စောင့်ကြည့်လျက်ရှိသည်ဟု သိရသည်။

 

ထိုကူးစက်တတ်သော H5N1 ကြက်ငှက်တုပ်ကွေးရောဂါသည် ကြောင်၊ ဝက်နှင့် ကျား စသည့်အခြားတိရစ္ဆာန်များကိုလည်း ကူးစက်နိုင်ပြီး လူသားများကိုလည်း ကူးစက်ကောင်းကူးစက်နိုင်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို