သာယာဝတီ   ဇန်နဝါရီ   ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ကျေးရွာအုပ်စု လေးအုပ်စုရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်ရှိ တောင်သူများအား နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်ထိ ဆောင်းသီးနှံ ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ကျေးရွာအုပ်စု လေးအုပ်စုမှ တောင်သူ ၂၈၉ ဦးအား ပဲသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ၂၁၉၉ ဧက အတွက် ၂၁၉၉ သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသက်လှိုင်ထံမှ သိရသည်။

သန့်ဇော်(သာယာဝတီ)