ဇန်နဝါရီ ၅

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၄၂ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၇၆၉၈၈၆ ဦးအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားသည်။

 

ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၃၃၂ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ပြည်တွင်းကူးစက်သူဦးရေ ၂၅၁၀ ရှိသည်ဟု ထိုဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

 

အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် ၃၁ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၁၅၉၁ ဦးရှိလာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းသွားသူပေါင်း ၂၆၉၈၆၁၃ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၃၉၆၈၂ ဦးရှိပြီး ၂၅၂ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေဆဲဖြစ်သည်။

 

နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထက်မနည်းထိုးနှံမှုခံယူခဲ့ပြီး ၇၈ ဒသမ ၅ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၂၁ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှု ခံယူပြီး ဖြစ်သည်ဟု သိရသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ပြည်တွင်းကူးစက်ခံရသူ လေးဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၁၂၂ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ခါရီဂျမလ်ဒင်က ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို