တာလေ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်း စီးဆင်းနေသော နမ့်လင်းချောင်းအား မူလ ရေစီးလမ်းကြောင်းအတိုင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၄ ရက်မှစတင်၍ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့ရှိ နမ့်လင်းချောင်း ရေစီးကြောင်းသည် မိုးရာသီကာလ၌ အင်အားပြင်းစွာ ရေစီးလမ်းကြောင်း ပြောင်း၍ စီးဆင်းခြင်းများကြောင့် ချောင်းကမ်းပါးများမှာ ပြိုကျလာပြီး ချောင်းဘေး တစ်လျှောက်ရှိ ပြည်သူ့ဆေးရုံဝင်းနှင့် အမှတ်(၂)ရပ်ကွက် ဘက်အခြမ်းမှ လူနေ အဆောက်အအုံများနှင့် နီးကပ်လာခြင်းတို့ကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရေစီးကြောင်းအား မူလ ရေစီးလမ်းကြောင်းများအတိုင်း စီးဆင်းနိုင်ရေး ရေစီးလမ်းကြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို ဦးဆောင်၍ တာဝန်ရှိသူ များ၏ ပူးပေါင်းပါဝင်မှုအားဖြင့် ကိုယ့်အာကိုယ်ကိုးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ကျော်မိုး(ပြန်/ဆက်)