ဇန်နဝါရီ ၅
အာရှနိုင်ငံများတွင် အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာခြင်းသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းတင်းကျပ်မှုများကို ဖြစ်ပေါ်လာစေသည်။
နှစ်သစ်ကူးအားလပ်ရက်များ ဖြတ်ကျော်လာပြီးနောက် ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက်မြင့်တက်လျက်ရှိရာ ဒီဇင်ဘာ ၃ ရက်က အိုမီခရွန်ကူးစက်ခံရသူ ၂၈၀ ထပ်မံတွေ့ရှိခဲ့သည်။ ထိုဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုကို နိုဝင်ဘာက စတင်တွေ့ရှိခဲ့ပြီးနောက် အိုမီခရွန်ကူးစက်ခံရသူပေါင်း ၂၀၀၀ ကျော်ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
ထိုင်းအာဏာပိုင်များက နိုင်ငံတကာမှ ရောက်ရှိလာသူများအားလုံးကို မဖြစ်မနေ ကွာရန်တင်းဝင်ရောက်ရေး ဆက်လက်လုပ်ဆောင်ရန် စဉ်းစားလျက်ရှိသည်။
အာဏာပိုင်များက ကိုဗစ်ကူးစက်ဖြစ်ပွားမှုမှကာကွယ်ရန် အစိုးရတာဝန်ရှိသူများနှင့် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းများအား နေအိမ်မှပင်အလုပ်လုပ်ကြရန် မေတ္တာရပ်ခံထားသည်။
အိန္ဒိယနိုင်ငံ၌ အထူးသဖြင့် မြို့ပြဒေသများတွင် အိုမီခရွန်ကူးစက်မှုများပျံ့နှံ့လာရာ ယမန်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၃၇၀၀၀ကျော် ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို