တံတား ဇန်နဝါရီ ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ပထမနှစ်ဝက် စစ်ဆေးခြင်းကို စတင်ပြုလုပ်ခဲ့သည်၊၊
အဆိုပါ ပထမနှစ်ဝက် စစ်ဆေးခြင်းကို ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ တစ်ရက်လျှင် ဘာသာရပ်နှစ်ခုဖြင့် စစ်ဆေးခြင်းဖြစ်ပြီး မူလတန်းအဆင့် စနစ်သစ် G(1), G(2), G(3) ကျောင်းသား ကျောင်းသူများကိုမူ အတန်းတွင်း စစ်ဆေးအကဲဖြတ်ခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ တံတားမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သော ပထမနှစ်ဝက် စစ်ဆေးခြင်းစာမေးပွဲသို့ မူလတန်းအဆင့် G(4) စနစ်သစ် ၃၉ ဦး၊ အလယ်တန်းအဆင့် ၁၅၀၊ အထက်တန်းအဆင့် ၁၃၆ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၂၅ ဦးတို့ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)