ရန်ကုန် ဇန်နဝါရီ ၅
ရန်ကုန်မြစ်တွင်း မော်တင်ဆိပ်ကမ်းနှင့် မှော်စက်သမ္ဗန် ကူးတို့ဆိပ်တို့သို့ ခရီးသည်တင်ပို့ဆောင်သော စက်တပ် သမ္ဗန်တစ်စီး ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက မော်တင်ဆိပ်ကမ်းဘက်၌ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၁၁ ဦးအနက် ၁၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ခရီးသည်တစ်ဦး ပျောက်ဆုံးခဲ့ရာမှ ဇန်နဝါရီ ၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြစ်အတွင်း ရေကန်ဆိပ်အနီး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း မြို့နယ် စက်တပ်သမ္ဗန် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
“မနေ့ ညနေက ပြန်လည်တွေ့ရှိတယ်၊ အဲ့ဒီကနေတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီးတော့ ဒလမြို့နယ် မှော်စက် စက်တပ်သမ္ဗန်ကူးတို့ ဆိပ်ကမ်းကို Dead body သယ်ဆောင်လာတာ ဖြစ်ပါတယ်၊ မြစ်တွင်းမှာ ခုလိုမျိုး အသက်ဆုံးရှုံးသွားတဲ့အတွက် မှော်စက် စက်တပ်သမ္ဗန်ကူးတို့ဆိပ် (သမဝါယမအသင်းလီမီတက်) က ငွေကျပ် ၅ သိန်း ထောက်ပံ့တယ်၊ မြို့နယ် စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့က ငွေကျပ် ငါးသောင်းထောက်ပံ့ပေးပါတယ်”ဟု မြို့နယ် စက်တပ်သမ္ဗန်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပြသည်။
အဆိုပါ ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်တွင် ရွှေပျံလွှားအမည်ရှိ စက်တပ်သမ္ဗန်ရေယာဉ်မောင်းသူ ဦးစန်းအောင်အား ဗိုလ်တထောင်ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သုတ