နေပြည်တော် ဇန်နဝါရီ ၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာန များမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၄၅ ဒသမ ၇၈၃၀ တန်၊ သစ်မာ ၁၄ ဒသမ ၃၄၇၈ တန်၊ အခြား ၆၁ ဒသမ ၄၄၀၂ တန် စုစုပေါင်း ၁၂၁ ဒသမ ၅၇၁၀ တန်၊ တရားခံ ၃၁ ဦး၊ ယာဉ်/ယန္တရား ၂၅ စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း(နေပြည်တော်)
