တိုကျို ဇန်နဝါရီ ၆
ဂျပန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံ တို့သည် နှစ်နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူစာချုပ် တစ်ရပ်ကိုလက်မှတ်ရေးထိုးတော့ မည်ဖြစ်သည်။
ဩစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ၎င်းနှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါးဖူမီယို တို့သည် အပြန်အလှန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတော့ မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ။
အဆိုပါ သဘောတူစာချုပ် သည်လက်နက်ခဲယမ်းမီးကျောက်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သဘောတူညီမှု မူဘောင်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်းနှင့် မမျှော်လင့်သော ဖြစ်ရပ်များနှင့် မတော်တဆ ကိစ္စရပ်များကို တုံ့ပြန်နိုင်ရန်အတွက် သဘောတူညီမှုမူဘောင် တစ်ခုလည်းဖြစ်လာမည်ဖြစ်သည်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များနှင့် သြစတြေးလျ တပ်ဖွဲ့များ အတူတကွ ပူးတွဲ စစ်ရေးလေ့ကျင့်ခြင်းနှင့် တခြား ဆောင်ရွက်ချက်များ စတင်ပြုလုပ်သည်နှင့် အဆိုပါသဘောတူညီ ချက်သည် သက်ရောက်မည် ဖြစ်သည်။
ဂျပန်နှင့် အဆိုပါသဘောတူညီ မှုမျိုးလက်မှတ်ရေးထိုးသည့်ပထမ ဆုံးနိုင်ငံမှာ သြစတြေးလျနိုင်ငံဖြစ်သည်။ အင်ဒိုပစိဖိတ်ဒေသ လုံခြုံတည်ငြိမ်ရန်နှင့် မိမိတို့ရင်ဆိုင်နေရသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွမျှဝေရန် အဆိုပါ သဘောတူညီချက်သည် နှစ်နိုင်ငံ၏ ကတိကဝတ်ဖြစ်လာ လိမ့်မည်ဖြစ်ကြောင်း မော်ရစ်ဆင် ကပြောသည်။
အင်န်အိတ်ချ်ကေ