အဒစ်အဘာဘာ ဇန်နဝါရီ ၆

 

အာဖရိကတိုက်၌ ဇန်နဝါရီ ၄ ရက် ညနေပိုင်း အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၇၈၁၈၃၈ ဦးရှိလာကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။

 

အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ကျန်းမာရေး အေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိကရောဂါ  ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၉၁၀၁ ဦးရှိကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၈၇၄၆၃၇၈ ဦးရှိကြောင်း သိရသည်။

 

အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီး ယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောသည်။

 

အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက် တစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက်သည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း၏ ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်းနှင့် အာဖရိကတိုက်တစ်ဝန်း အဆိုပါရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း၏ ၄ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၄၇၅၅၁၂ ဦးရှိကြောင်း၊ မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၆၆၇၇၇ ဦးရှိကြောင်းနှင့် တူနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၇၂၈၂၆၀ ရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောကြားသည်။

 

အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံးဒေသ ဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယအများ ဆုံးဖြစ်ကာ အာဖရိက အလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်