မင်းလှ ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်လိုက် တတ် မြောက်မှုများအား မူလတန်းအောက်အဆင့် Grade-1 (သင်ရိုးသစ်)မှ Grade-11 (သင်ရိုးဟောင်း)အထိ ပထမနှစ်ဝက်ကို ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ တစ်နေ့လျှင် နှစ်ဘာသာနှုန်းဖြင့် သက်ဆိုင်ရာ ကျောင်းများအလိုက် ဖြေဆိုစစ်ဆေးလျက်ရှိရာ ဇန်နဝါရီ ၆ ရက်တွင် အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိသည်။
မင်းလှမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း ၁၅၅ ကျောင်းနှင့် ဘ/ကဘုန်းတော်ကြီးသင်ကျောင်း လေးကျောင်း စုစုပေါင်း ၁၅၉ ကျောင်း ဖွင့်လှစ်လျက်ရှိပြီး အခြေခံပညာ ကျောင်းများတွင် ကျောင်းသား ကျောင်းသူ ၁၁၃၇၀ ဦးနှင့် ဘ/ကဘုန်းတော်ကြီးသင် ကျောင်းများတွင် ကျောင်းသား ကျောင်းသူ ၆၃၉ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၂၀၀၉ ဦး တက်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲများကို သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)