နေပြည်တော် ဇန်နဝါရီ ၆
မြစ်ကြီးနားမြို့တွင် ငွေကျပ် သိန်း ၅,၉၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက် ညနေ ၆ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီး (ဂျန်မိုင်ကောင်း)ရပ်ကွက်၊ အိမ်အမှတ်(၂၄၉)နေ မခေါန်ဆန်၏ နေအိမ်အား သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၅,၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃ ဒသမ ၇၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၃၆ သိန်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်