တောင်ကုတ်   ဇန်နဝါရီ   ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်တက္ကသိုလ်၂၀၂၁-၂၀၂၂ (ပထမနှစ်ဝက် )နေ့သင်တန်း ဂုဏ်ထူးတန်း တတိယနှစ်သင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် ပထမနှစ် မဟာဝိဇ္ဇာဘွဲ့သင်တန်းများကို ဇန်နဝါရီ ၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

တောင်ကုတ်တက္ကသိုလ်၌ ဂုဏ်ထူးတန်း တတိယနှစ် သင်တန်းစာရင်းရှိ ၈၆ ဦးအနက် ၁၃ ဦး၊ မဟာအရည်အချင်းစစ် သင်တန်း စာရင်းရှိ ၇၇ ဦးအနက် ၁၈ ဦးနှင့် ပထမနှစ် မဟာဝိဇ္ဇာဘွဲ့သင်တန်း စာရင်းရှိ ၈၆ ဦးအနက် ၂၄ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သင်တန်းရေးရာဌာနမှ သိရသည်။

စန်းဝင်း(ပြန်/ဆက်)