သံဖြူဇရပ် ဇန်နဝါရီ ၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ပုဂ္ဂလိကမူကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီဖြစ်၍ ဇန်နဝါရီ ၅ ရက်တွင် Kinder Garden Pre-School (အကြင်နာ ဥယျာဉ် မူကြို)တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ထားရှိမှု၊ ကျောင်းပြင်ပပြင်ဆင်ထားရှိမှု သင်ထောက်ကူ ထောက်ပံ့ပစ္စည်းများထားရှိမှု ရှိ/မရှိ၊ အဆောက်အအုံအခြေအနေ၊ ဆရာမများ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံထားမှုအခြေအနေတို့ကို စစ်ဆေးခဲ့ပြီး နှစ်ကိုင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းကို ဒီဇင်ဘာ ၁ ရက်မှစ၍ ဖွင့်လှစ်သင်ကြားရာတွင် သင်ကြားချိန်အား တစ်ပတ် ငါးရက်ဖြင့် တနင်္လာမှ သောကြာနေ့ များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ သင်ကြားပေးပြီး ကျောင်းသား ကျောင်းသူ ၃၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)