နေပြည်တော် ဇန်နဝါရီ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် အာဆီယံအပါအဝင် ဒေသဆိုင်ရာအကျိုးတူကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်း ဖလှယ်သွားမည် ဖြစ်သည်။
(သတင်းစဉ်)