တိုကျို ဇန်နဝါရီ ၇
ဂျပန်နိုင်ငံ အိုကီနာဝါခရိုင် အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၅ ရက်က ကိုဗစ်-၁၉ ဖြစ်ပွားသူ ၆၂၃ ဦးရှိရာမှ ဇန်နဝါရီ ၆ ရက် တွင် နေ့စဉ်ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် ၁၀၀၀ နား ကပ်လာပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။
ခရိုင်အတွင်း နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု နောက်ဆုံးကိန်းဂဏန်းသည် ၉၈၀ ခန့် ရှိလာပြီဖြစ်ကြောင်း၊ အဆိုပါနှုန်းသည် အိုကီနာဝါခရိုင်အတွက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ကြောင်းနှင့် လွန်ခဲ့သောနှစ် သြဂုတ် ၂၅ ရက်က စံချိန်တင်ခဲ့သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၈၀၉ ဦးထက် ကျော်လွန်ခဲ့ကြောင်း ဒန်နီတာမာကီက ပြောသည်။
ဇန်နဝါရီ ၆ ရက်က အိုကီ နာဝါခရိုင်ကို တစ်စိတ်တစ်ပိုင်း အရေးပေါ်ပြဋ္ဌာန်းရန် ခရိုင်အစိုးရက ဗဟိုအစိုးရထံ တောင်းဆိုခဲ့သည်။
အမေရိကန် စစ်အခြေစိုက်စခန်းနှင့် ဆက်စပ် ကိုဗစ်-၁၉ကူး စက်ဖြစ်ပွားမှု အပါအဝင် အိုကီနာဝါ ခရိုင်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာခဲ့သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီက ဇန်နဝါရီ ၆ ရက်က ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို ညမထွက်ရအမိန့်ထုတ်ပြန်ရန် တောင်းဆိုခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို ဖုန်းဖြင့် တောင်းဆိုလိုက်ရာ ဘလင်ကန်က ဂျပန်နိုင်ငံရှိ အမေရိကန် စစ်ဘက်အဆောက်အအုံများတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ကာကွယ်ရန် အမေရိကန်ဘက်က နောက်ထပ် ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာ