အန်ကာရာ ဇန်နဝါရီ ၇
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၆၄၆၇ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၉၇၁၈၈၆၁ ဦးရှိလာကြောင်း တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။ ။
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၄၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါ ရောဂါဖြင့် သေဆုံးသူပေါင်း ၈၃၀၇၅ ဦး ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၉၃၁၆ ဦးရှိကြောင်း သိရသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေးအာဏာပိုင်များက အတည်ပြု ပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။
လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူ ပေါင်း ၅၇ သန်းကျော်ရှိကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၅၁ ဒသမ ၇၅ သန်းကျော် ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ စုစုပေါင်း ၁၃၄ ဒသမ ၁၉ သန်းကျော်အသုံးပြုပြီးဖြစ်ကြောင်း တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-အလင်းသစ်