ကိုလံဘို ဇန်နဝါရီ ၇

 

သီရိလင်္ကာနိုင်ငံအတွင်းရှိ အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုကို ဇန်နဝါရီ ၇ ရက်တွင် စတင်မည်ဖြစ်ကြောင်း သီရိလင်္ကာကျန်းမာရေးဝန်ကြီး ရမ်ဘူကွီလာက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားသည်။

 

ပြောကြား

အဆိုပါ အသက်၁၂ နှစ်မှ ၁၅ နှစ်အရွယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သီရိလင်္ကာကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

 

သီရိလင်္ကာနိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်တွင် AstraZenecal၊ Pfizen Moderna၊ Sputnik V ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

 

နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်

လက်ရှိတွင် သီရိလင်္ကာနိုင်ငံ၌ နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်