ကျောက်ဆည်   ဇန်နဝါရီ   ၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေသီးနှံမျိုးစုံ ဧက ၃၇၅၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရှိရသည်။

 

နွေသီးနှံမျိုးစုံစိုက်ပျိုးရာတွင် ဇော်ဂျီဆည်ရေသောက်စနစ် မင်းရဲစိုက်ပျိုးရေပေးမြောင်းတွင် ၂၉၃၁ ဧက၊ သင်းတွဲ စိုက်ပျိုးရေပေးမြောင်းတွင် ၆၇၀၇ ဧက၊ ငပြောင်စိုက်ပျိုးရေပေးမြောင်းတွင် ဧက ၃၁၀၀၊ နွားတက်စိုက်ပျိုး ရေပေးမြောင်းတွင် ၁၅၀၄၁ ဧက၊ တမုတ်စိုက်ပျိုးရေပေးမြောင်းတွင် ၄၆၁၂ ဧက၊ အထက် လင်းဇင်းစိုက်ပျိုး ရေပေးမြောင်းတွင် ဧက ၆၅၀၊ ကင်းတားဆည်ရေသောက်စနစ်၊ သင်းဒီးစိုက်ပျိုးရေပေးမြောင်းတွင် ၄၇၅၉ ဧက စုစုပေါင်း ဧက ၃၇၈၀၀ စိုက်ပျိုးသွားမည်ဖြစ်သည်။

 

အဆိုပါ နွေးသီးနှံများစိုက်ပျိုးရာတွင် သီးနှံများအောင်မြင်သည်အထိ ရေပေးဝေနိုင်ရေးနှင့် ရေအလေအလွင့် ဆုံးရှုံးမှု မရှိစေရေးအတွက် ရေပေးဝေရေးမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)