ဇန်နဝါရီ ၇

 

အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်ဖြစ်ပွားမှု ၁၀၀၀၀၀ ကျော်ဖြင့် စံချိန်တင်မြင့်တက် လျက်ရှိသည်။

 

ယမန်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၁၀၉၆၀၈ ဦး ရှိသည်ဟု ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

 

ဒီဇင်ဘာလလယ်ပိုင်းကစတင်ကာ ရောဂါကူးစက်ဖြစ်ပွားမှု ပိုမိုမြင့်မားလာလျက်ရှိသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်သည် အာဂျင်တီးနားနိုင်ငံတွင် ကူးစက်မှုမြင့်မားလာသည်ဟု ယူဆရသည်။ 

 

ရောဂါကူးစက်ခံရမှုနှုန်းသည် ၅၀ ရာခိုင်နှုန်းထိမြင့်တက်လာသဖြင့် အအတည်ပြုထားသောကိန်းဂဏန်းထက် ပိုမိုမြင့်မားလာဖွယ်ရှိသည်ဟု ဒေသကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

 

အာဂျင်တီးနားအစိုးရက ရောဂါပြင်းထန်စွာဖြစ်ပွားမှုများနှင့် သေဆုံးမှုများမှာ သိသိသာသာ တိုးတက်လာခြင်း မရှိကြောင်း ပြောကြားသည်။

 

စီးပွားရေးလုပ်ငန်းများကို ကန့်သတ်ခြင်းထက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိ၊မရှိ စမ်းသပ်စစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးနှံအစီအမံများ အားဖြည့်လုပ်ကိုင်ရန် ၎င်းက စီစဉ်ထားသည်။

 

အာဂျင်တီးနားနိုင်ငံတွင်  လူဦးရေ ၄၅ သန်းရှိသည့်အနက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ခြောက်သန်းကျော်ရှိသည်ဟု အတည်ပြုထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ယခုချိန်အထိ ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၁၇၀၀၀ ကျော်ရှိသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို