ပန်းတနော် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ သန့်ရှင်းသာယာလှပပြီး ပလတ်စတစ်အမှိုက် ကင်းစင်စေရေးအတွက် မြို့ဝင်/မြို့ထွက် ရန်ကုန်-ပုသိမ်ကားလမ်း ဘေးဝဲ/ ယာတို့တွင် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ မြို့ဝင်/မြို့ထွက် ရန်ကုန်-ပုသိမ် ကားလမ်း ဘေးဝဲ/ ယာတို့တွင်ရှိသည့် ပလပ်စတစ်အမှိုက်များ ကောက်ခြင်း၊ ပြည်သူများက မိမိတို့အပိုင် နယ်နမိတ်အလိုက် သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး ခရီးသွားပြည်သူများ အမှိုက်များစွန့်ပစ်ရန် ယာဉ်လိုင်းများပေါ်တွင် အမှိုက်ခြင်းများ ထားရှိရန်၊ ယာဉ်ပေါ်ပါခရီးသည်များမှ ပလတ်စတစ် အမှိုက်များ စည်းကမ်းမဲ့ မစွန့်ပစ်ရေးတို့အတွက် ‘အမှိုက်ကင်းစင်၊ တို့နယ်တစ်ခွင်၊ နယ်တခွင်သာဖို့ အမှိုက်ကောက်စို့’ ဆောင်ပုဒ်ပါ လက်ကမ်း စာစောင်များ ဖြန့်ဝေကာ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)