မိုးညှင်း   ဇန်နဝါရီ    ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်တွင် နေ့သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာ၌ ဇန်နဝါရီ ၇ ရက်အထိ ဂုဏ်ထူးတန်း တတိယနှစ်တွင် ၁၁ ဦး၊ မဟာအရည်အချင်းစစ် သင်တန်းတွင် သုံးဦးနှင့် မဟာဘွဲ့သင်တန်း ပထမနှစ်တွင် ၁၆ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၀ တို့က သက်ဆိုင်ရာ ဘာသာရပ်များအလိုက် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး ကျောင်းအပ်နှံရန် ကျန်ရှိနေသေးသည့် ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)