မန္တလေး ဇန်နဝါရီ ၈
မန္တလေးမြို့တော် သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်နေ့တိုင်း မြို့တော်နယ်နမိတ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများကို စီမံချက်ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကြီးကြပ်ရေးမှူးများအဖွဲ့ ခေါင်းဆောင်များက ဦးဆောင်၍ ယာဉ်ယန္တရားများ အသုံးပြုလျက် သန့်ရှင်းရေး မြောင်းဆယ် ဝန်ထမ်းများနှင့်အတူ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်၊ လမ်း၇၀ မှ ၇၂လမ်းအထိ၊ လမ်း ၃၀ တစ်လျှောက် နေအိမ်၊ ရုံးများရှေ့ရှိ ရေမြောင်းများအတွင်းမှ မြောင်းစာ အမှိူက်သရိုက်များကို နုန်းစုပ်ကားများ အသုံးပြု၍ ဆယ်ယူရှင်းလင်းကာ အမှိူက်သိမ်းယာဉ်များဖြင့် သိမ်းဆည်းစွန့်ပစ်ခြင်းအပြင် သန့်ရှင်းရေးဝန်ထမ်းများက လမ်းနှင့် ပလက်ဖောင်းများအား ရေဖြင့်ဆေးကြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တင်မောင်(မန္တလေး)