ဒီပဲယင်း ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေစပါး ဧက ၅၀၀၀၀နှင့် အခြားသီးနှံ ဧက ၇၅၀၀ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းထံမှသိရသည်။
သဖန်းဆိပ်ဆည်မှ ယခုနှစ် နွေစပါးစိုက်ရာသီတွင် ဒီပဲယင်းမြို့နယ် အနေဖြင့် (YMC) ရေဦး မြောင်းမတော်မှ ဧက ၂၂၅၀၀၊ MBC မရကန်မြောင်းမတော်မှ ဧက ၂၂၅၀၀၊ RMC လက်ယာ မြောင်းမကြီးမှ ဧက ၅၀၀၀ စုစုပေါင်း နွေစပါး ဧက ၅၀၀၀၀ စိုက်ပျိုးရန် လျာထားပြီး အခြားသီးနှံကို YMC ရေဦးမြောင်းမတော်မှ ဧက ၄၅၀၀၊ MBC မရကန်မြောင်းမတော်မှ ဧက ၃၀၀၀ စုစုပေါင်း ဧက ၇၅၀၀ အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေကို သဖန်းဆိပ်ဆည်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါ ၇ ရက်တွင် စတင်ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းထွန်း(ဒီပဲယင်း)