ဇလွန်   ဇန်နဝါရီ    ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မဟာသာအုပ်စု၊ မဟာသာလတ်ကျေးရွာတွင်  ဇန်နဝါရီ ၇ ရက် ညပိုင်းတွင် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် နေအိမ်၌ တီဗွီကြည့်နေသူ အမျိုးသားတစ်ဦး သေဆုံးကြောင်းသိရသည်။ သေဆုံးသူမှာ ဇလွန်မြို့နယ်၊ မဟာသာအုပ်စု၊ မဟာသာလတ်ကျေးရွာနေ ရာအိမ်မှူး ဦးအေးထွန်း (၄၆)နှစ်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် ည  ၉  နာရီခွဲတွင် ဇလွန်မြို့နယ်၊ မဟာသာအုပ်စု၊ မဟာသာလတ်ကျေးရွာနေ ရာအိမ်မှူး ဦးအေးထွန်းသည် မိသားစုနှင့်အတူ နေအိမ်၌ တီဗွီကြည့်နေစဉ် နေအိမ်ခြေရင်းဘက် တီဗွီတင်သည့်ခုံဘေးရှိ ပြတင်းပေါက်မှ သေနတ်ပစ်သံ တစ်ချက်ကြားရပြီး ၄င်းမှ အပြင်ဘက်သို့ ထွက်ကြည့်ရာ နေအိမ်ခြေရင်းအရောက်တွင် ဦးထုပ်အပြာနက်ရောင် ဆောင်းလျက် လူလတ်ပိုင်းအရွယ်တစ်ဦးက ပစ္စတိုသေနတ်ဖြင့် အမေရိကန်နိုင်ငံထုတ် ကြည်ဖြင့် ပစ်ခတ်ခဲ့ရာ ဘယ်ဘက်ရင်အုံတစ်ချက်၊ ယာဘက်ဂျိုင်းဘေးတစ်ချက်၊ ယာဘက်ကျောကုန်းတစ်ချက်၊ ဝဲဘက်ခါးအထက်တစ်ချက်တို့ဖြင့် ဒဏ်ရာအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ဆန်းတင့်(ရေကြည်)