ဘန်ကောက် ဇန်နဝါရီ ၈

ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၇ ရက်က ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၇၅၀၀ ကျော်ထပ်မံတွေ့ရှိ ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း နေ့စဉ်ကူးစက်မှုများမှာ ၂၀၀၀ မှ ၃၀၀၀ အကြား တွင်သာရှိခဲ့သည်။ အစိုးရသည် အပြည်ပြည်ဆိုင်ရာမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများ မဖြစ်မနေ အသွားအလာစောင့်ကြည့်ကန့်သတ်မှုခံယူရန် အမိန့်ထုတ်ခဲ့သည်။

အဆိုပါ ကန့်သတ်ချက်ကို နိုဝင်ဘာလအတွင်းကတည်းက ဖယ်ရှားပေးပြီးဖြစ်သော်လည်း ယခုကူးစက်မှုများ တိုးလာသည့်အတွက် ပြန်လည်လုပ်ဆောင်ရခြင်းဖြစ်သည်။ ယခင်က ဇန်နဝါရီ ၁၆ ရက်တွင် နိုက်ကလပ်များနှင့် ယမကာဆိုင်များကို ပြန်လည်ဖွင့်လှစ်မည်ဟု ရက်သတ်မှတ်ထားသော်လည်း ယခုအခါ ရက်ရွှေ့ဆိုင်းထားသည်ဟု သိသည်။ ဘန်ဘောက်မြို့၌ အရက်ရောင်းချသည့် ဆိုင်များမှာ ည ၉ နာရီအထိသာ ရောင်းချခွင့်ပေးထားသည်။ ယခုလမကုန်မီအချိန်အထိ နေအိမ်တွင်သာ အလုပ်လုပ်ကြရန် အစိုးရရုံးများနှင့် ပုဂ္ဂလိကကုမ္ပဏီများမှ အလုပ်သမားများကို အာဏာပိုင်များက တိုက်တွန်းထားသည်။

အင်န်အိတ်ချ်ကေ