ကျိုင်းတုံ ဇန်နဝါရီ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်းသို့ ဆောင်းရာသီကာလ ယခုတစ်ပတ်အတွင်း လာရောက် အပန်းဖြေလည်ပတ်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါအပန်းဖြေစခန်းသည် ကျိုင်းတုံ-တောင်ကြီး ကားလမ်းဘေး ကျိုင်းဖောင်းချောင်းအနီး၌ တည်ရှိပြီး သဘာဝအလျောက်တည်ရှိသော ရေပူစမ်းတစ်ခုဖြစ်ပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အများပြည်သူများ အခမဲ့ လာရောက်အပန်းဖြေစေရန် ဆောင်ရွက်ထားရှိကာ ဒေသထွက်အစားအစာများ ရောင်းချခြင်း၊ သာဘာဝရေပူစမ်းဖြင့် ရေချိုးခန်းများ ဆောင်ရွက်ထားရှိပေးခြင်းကြောင့် ယခု ဆောင်းရာသီကာလ အဆိုပါရေပူစမ်းကွင်းပြင်ရှိ မြက်ခင်းပြင်တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)