ရန်ကုန် ဇန်နဝါရီ ၉

ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covaxin တစ်သန်းလွှဲ ပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး  H.E.Mr.MARUYAMA Ichiro နှင့်  ရန်ကုန်တိုင်းဒေသကြီးပြည်သူကျန်းမာရေးဦးစီးဌာနမှူး  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေမှူးချုပ် ဒေါက်တာထွန်းမင်းတို့ ရှေ့မှောက်တွင် နီပွန်ဖောင် ဒေးရှင်း၏ အလုပ်အမှုဆောင်ဒါရိုက်တာ Mr.MORI Yuji က မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်ထံ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covaxin တစ်သန်းကို လွှဲပြောင်းပေးအပ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ တာဝန်ရှိသူများ၊  နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ ၁၇ သန်း တန်ဘိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin Dose နှစ်သန်းကို ပေးအပ်လှူဒါန်းမည်ဖြစ်ရာ ယခု ပထမ အသုတ်အနေဖြင့် Doses တစ်သန်းမှာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Qatar Airways flight(QR8920) လေကြောင်း လိုင်းဖြင့် ရောက်ရှိခဲ့ခြင်းဖြစ် ပြီး ဒုတိယသုတ် Doses တစ်သန်းမှာ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ထပ်မံရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။                 
                                                                                                                
သတင်းစဉ်