ရီယိုဒီဂျနေးရိုး ဇန်နဝါရီ ၁၀

 

ဘရားဇီးနိုင်ငံ၌ ဇန်နဝါရီ ၈ ရက်က ရှုခင်းကြည့်လှေပေါ်သို့ ကျောက်သားအစွန်အဖျားမှ ကျောက်သားနံရံပြိုကျမှု ဖြစ်ပွားခဲ့ရာ လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လူသုံးဦးမှာ ပျောက်ဆုံး နေဆဲဖြစ်သည်။

 

မီနာဂျော်ရိုက်စ်ပြည်နယ်ရှိ ဖားနက်စ်ရေကန်ရှိ ရေတံခွန်အောက်တွင် လှေလေးစင်းရှိနေစဉ် ကျောက်သားနံရံ ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်အရာရှိများက ပြောသည်။

 

ကျောက်သားနံရံပြိုကျမှုမဖြစ်ပွားမီ လူများက ခရီးသည်များကို ဘေးလွတ်ရာသို့ ဖယ်ရှားကြရန် ကြောက်လန့်တကြား အော်ဟစ်နေကြပုံကို ဗီဒီယိုဖိုင်တွင် တွေ့မြင်ရသည်။ ရေတံခွန်ကြည့်ရန် လှေဖြင့် ခရီးထွက်ခြင်းမှာ ရှုခင်းကြည့်သူ အများအပြား အတွက် ဆွဲဆောင်မှုတစ်ရပ် ဖြစ်နေသည်။

 

အဆိုပါဒေသတွင် မကြာသေးမီအချိန်အတွင်းကမှ မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားထားရာ သဘာဝဘေးအန္တရာယ် ဖြစ်လာနိုင်သည်ဟု ဒေသခံ အာဏာပိုင်များက သတိပေးထားသည်။

 

အင်န်အိတ်ချ်ကေ