ဂျိုဟန်နစ္စဘတ် ဇန်နဝါရီ ၁၀

 

တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်တင်ဆောင်ရွက်သင့်ကြောင်း တောင်အာဖရိကသမ္မတရာမာဖိုဆာက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

 

တောင်အာဖရိကနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ယင်းအရေအတွက်သည် အခြားသော အာဖရိကနိုင်ငံများထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပိုမိုထိုးနှံ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ။

 

သို့ရာတွင် နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်မှု အခြေအနေသည် တောင်အာဖရိကအစိုးရ မျှော်လင့်ထားသည့် မျှော်မှန်းချက်ထက် လျော့နည်းနေကြောင်းလည်း သိရသည်။

 

ကိုးကား-စီအင်န်အေ

ဘာသာပြန်-အလင်းသစ်