ဂျေရုဆလင် ဇန်နဝါရီ ၁၀
အစ္စရေးနိုင်ငံသည် အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်မြောက်ထိုးနှံမှုကို ပြီးခဲ့သည့် တစ်ပတ်အတွင်းကတည်းက စတင်ခဲ့ရာ လက်ရှိတွင် အစ္စရေးနိုင်ငံသား ၂၅၀၀၀၀ သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလေးကြိမ်မြောက် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်က ယနေ့တွင် ပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ ရှိနေစဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်မည့် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံလက်ခံရရှိခဲ့ကြောင်းနှင့် အဆိုပါ ကာကွယ်ဆေးများအား အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများအား ထိုးနှံပေးမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်က ပြောကြားသည်။
လက်ရှိတွင် အစ္စရေးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လျက်ရှိပြီး ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၅၁၇ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉ ဒသမ ၄၅ သန်း ရှိလာကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-အလင်းသစ်