လန်ဒန် ဇန်နဝါရီ ၁၀
ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၁၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ စုစုပေါင်း ၁၅၀၀၅၇ ဦး ရှိလာကြောင်း ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
ကူးစက်ခံရသူ ၁၄၆၃၉၀ ထပ်မံတွေ့ရှိ
ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၆၃၉၀ ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၄၃၃၃၇၉၄ ဦးရှိလာကြောင်း သိရသည်။ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှား၊ မက္ကဆီကို နှင့် ပီရူးနိုင်ငံတို့သည် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက် တစ်သိန်းခွဲ ကျော်ရှိခဲ့သည့် နိုင်ငံများဖြစ်ခြင်းကြောင့် ဗြိတိန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တစ်သိန်းခွဲကျော် ရှိခဲ့သည့် ခုနစ်နိုင်ငံမြောက် ဖြစ်လာကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း၊ ၈၂ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။ ။
ထို့ပြင် ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၆၁ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်