အန်ကာရာ ဇန်နဝါရီ ၁၀
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၆၂၃၇ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉၉၁၆၇၂၅ ဦး ရှိလာကြောင်း တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၁၄၁ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူ စုစုပေါင်း ၈၃၅၂၉ ဦး ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ ၃၄၅၉၂ ဦးရှိကြောင်း သိရသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေး အာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက် တွင် စတင်ခဲ့သည်။
လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၅၇ ဒသမ ၀၈ သန်းကျော် ရှိကြောင်း၊ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၅၁ ဒသမ၈၇သန်းကျော် ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေစုစုပေါင်း ၁၃၅ ဒသမ ၉၉ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်