ဇန်နဝါရီ ၁၀

 

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အထပ်မြင့်လူနေအိမ်ခန်းတွဲ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ကလေးများအပါအဝင် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မြို့တော်ဝန်က ဆိုသည်။

 

ဘွန်အိတ်ချ်မြို့  ၁၉ ထပ် လူနေအိမ်ခန်းတွဲတွင် ဇန်နဝါရီ ၉ ရက်မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် မီးသတ်သမား ၂၀၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နောက်ပိုင်းတွင် မီးငြိမ်းသွားသည်။

 

မြို့တော်ဝန် အီရစ်အာဒမ်စ်က ထိုမီးလောင်မှုကြောင့် ကလေး ကိုးဦးအပါအဝင် မိမိတို့ အိမ်နီးနားချင်း ၁၉ ဦး ဆုံးရှုံးခဲ့ရသည်ဟု တွစ်တာတွင်ရေးသားထားသည်။

 

ဒဏ်ရာပြင်းထန်စွာရရှိသူ ၃၂ ဦးထက်မနည်းရှိသည်ဟု မြို့တော်တာဝန်ရှိသူများက ဆိုသည်။

 

အာဒမ်စ်က ယင်းမီးလောင်ကျွမ်းမှုသည် မျက်မှောက်ခေတ် မိမိတို့ကြုံဖူးသမျှ အဆိုးရွားဆုံး မီးလောင်ကျွမ်းမှုများ တွင် တစ်ခုပါဝင်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။

 

မီးသတ်အာဏာပိုင်များက  ဒုတိယနှင့်တတိယထပ် နှစ်လွှာတိုက်ခန်းရှိ အပူပေးစက်ချွတ်ယွင်းချက် မှမီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု ယူဆကြောင်း ပြောကြားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို