ဇန်နဝါရီ ၁၀
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၀၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၆၆၇၃၉၀ အထိ မြင့်တက်လာသည်။
ပြီးခဲ့သည့်နေ့က ရောဂါကူးစက်ဖြစ်ပွားသူ ၃၃၇၃ ဦးရှိရာမှ ကူးစက်မှုလျော့ကျလာသည်။ ရောဂါနေ့စဉ်ကူးစက်မှုသည် လေးရက်ဆက်တိုက် ၄၀၀၀အောက် လျော့ကျလာခြင်းဖြစ်သည်။
ထပ်မံရောဂါကူးစက်ခံရသူများအနက် ၇၁၈ ဦးသည် ဆိုးလ်မြို့တွင် နေထိုင်သူများဖြစ်သည်။ ဂျောင်ဂီပြည်နယ်တွင် ၉၈၂ ဦးနှင့် အနောက်ဘက် အင်ချွန်ဆိပ်ကမ်းမြို့တွင် ၁၁၅ ဦးတို့ အသီးသီးဖြစ်ကြသည်။
မြို့ပြမဟုတ်သောဒေသတွင်လည်း ကိုဗစ်ကူးစက်ဖြစ်ပွားမှုမြင့်မားလာသည်။ ပြည်တွင်းကူးစက်မှုစုစုပေါင်း၏ ၃၄ ဒသမ ၄ ရာခိုင်နှုန်းသည် မြို့ပြမဟုတ်သောဒေသများတွင် ဖြစ်ပွားသော ကူးစက်မှုဖြစ်သည်။ ထပ်မံကူးစက်ခံရသူများအနက် ပြည်ပကူးစက်မှုသည် ၂၃၉ ဦး ဖြစ်သည်။
အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် ၃၄ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၆၀၇၁ ဦးအထိ ရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၄၃၀၃၀၄၅၀ ရှိပြီး ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၂၁၀၃၁၄၈၁ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို