ရန်ကုန် ဇန်နဝါရီ ၁၀
Alibaba Philanthropy Group ၏ ထောက်ပံ့ကူညီမှုဖြင့် တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးခွဲ (CFPA) နှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်းရှိ စာသင်ကျောင်း (၆၈၁)ကျောင်းမှ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၀၉၁၁ ဦးတို့အား လွယ်အိတ်၊ ကျောင်းသုံးစာရေးကိရိယာနှင့် တစ်ကိုယ်ရည်သုံး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို နိုဝင်ဘာလအတွင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အတူ ထပ်မံ၍ အခြားလိုအပ်ချက်ရှိသော အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် Alibaba Philanthropy Group ၏ ထောက်ပံ့ကူညီမှုဖြင့် တရုတ်နိုင်ငံမှ ထပ်မံတင်သွင်းလှူဒါန်းမည့် ပစ္စည်းများသည် ဇန်နဝါရီလကုန်ခန့်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ လယ်ဝယ်အရောက် လွယ်အိတ်၊ ကျောင်းသုံးစာရေးကိရိယာနှင့် တစ်ကိုယ်ရည်သုံး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ အစုံရေ ၄၀၀၈၀ ကို ပေးပို့လှူဒါန်းပေးသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးခွဲ (CFPA) အနေဖြင့် ၂၀၁၈ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာသင်ကျောင်းများမှ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၀၀၀၀၀ ကျော်ခန့်အထိ လှူဒါန်းခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးခွဲ (CFPA) မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သုတ


