မိုင်းဖြတ်၊ ​ဇန်နဝါရီ ၁၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ  ဖြစ်ပွားမှုကြောင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းမှ   ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် စာသင်ကြားလျက်ရှိပြီး ကျောင်းတက်ရောက်မှုမှာ တိုးတက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၏ စီမံကြီးကြပ်မှုဖြင့် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုံခြုံရေးကိစ္စရပ်များကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

 

မိုင်းဖြတ်မြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၈၄)ကျောင်းရှိရာ ဒီဇင်ဘာ ၁၃ ရက်က ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် (၇၆)ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၁၀၉၈)ဦးသာ တက်ရောက်သော်လည်း ဇန်နဝါရီ ၁၁ ရက်အထိ အခြေခံပညာကျောင်းပေါင်း (၈၄)ကျောင်း တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူ (၅၅၄၉)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

             

​သန်းထွန်းအေး(ပြန်/ဆက်)